#policybriefing2020_AFP
ကျွန်တော့်နာမည်က ဦးကျော်ဇောဦး ဖြစ်ပါရေ။ ရခိုင့်ဦးဆောင်ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပါရေ။
ရခိုင့်ဦးဆောင်ပါတီစွာ ရခိုင်ပြည်နယ်သူပြည်နယ်သားတိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နန့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ရနိုင်သမျှ ပိုလို့ရရှိစီပြီးကေ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်ရို့လက်တိနန့် ကိုယ်ရို့ကိုယ်တိုင် ဆောင်ရွက်နိုင်ကတ်ဖို့အတွက် ရည်ရွယ်ကြိုပမ်းနိန်ရေ ရခိုင်နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ပါရေ။
ရည်ရွယ်ချက်တိ မနီးယိုးစွဲ တူညီနိန်ရေ အဖွဲ့အစည်းတိ ရှိနိန်ရေဆိုကေလေသော့ ရခိုင့်ဦးဆောင်ပါတီကို လွန်ခရေ နှနှစ်ကျော်လောက်က စတင်တည်ထောင်ခရရေ အကြောင်းရင်းတိထဲက အဓိက တခုကတော့ခါ “သန့်ရှင်းအားကောင်းသော ရခိုင်နိုင်ငံရေးအခင်းအကျင်း တစ်ရပ်ပေါ်ပေါက်စေရေး” ဆိုရေ ရည်ရွယ်ချက် ဖြစ်ပါရေ။
ပြီးခရေ နှနှစ်ခွဲလောက်မှာ အရင်ပါတီဟောင်းက ရှေ့ဆင့်နောက်ဆင့် နှုတ်ထွက်ခွင့် တင်ပြီးရေနောက်ပိုင်း ဒေါက်တာအေးမောင်၏ ဦးဆောင်မှုနဲ့ ကျွန်တော်တို့ နှစ်ယောက်စွာ ပါတီအသစ်ထူထောင်ဖို့အတွက် စိတ်တူသဘောတူ လူပုဂ္ဂိုလ်တိကို စုစည်းခကတ်ပါရေ။ အခြားလွှတ်တော်ကိုယ်ဇလှယ်တိ အပါအ၀င် အခြားနှုတ်ထွက်လာရေလူတိ ပြင်ပ၀ိုင်းရံသူတိနန့် ပူးပေါင်းပြီးကေ စတင်ကြိုးပမ်းကတ်တေ နိန်ရာမှာ၊ ကနဦးအစီအစဉ်တိအရ အဖရခိုင်ပါတီ ဆိုရေ နာမေနန့် ပါတီထူထောင်ခွင့်မရခရေအတွက်ကြောင့် ရခိုင့်ဦးဆောင်ပါတီ အဖြစ် ပါတီထူထောင်လိုသူတိ၏ အမည်စာရင်းနန့်တကွ ပါတီထူထောင်ခွင့် တင်ခကတ်ပါရေ။
ရခိုင့်ဦးဆာင်ပါတီမှာ ရည်ရွယ်ချက် ခုနစ်ရပ်ရှိပါရေ။
(၁) ရခိုင်အမျိုးသားများ နှင့် ရခိုင်မျိုးနွယ်စုများအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အပြည့်အ၀ရှိသော ရခိုင်အမျိုးသားပြည်နယ်အဖြစ် ပြည်ထောင်စုအတွင်း ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန်။
(၂) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် အခြားသော တိုင်းရင်းသားညီအစ်ကိုများနှင့် ပူးပါင်းလက်တွဲ ဆောင်ရွက်သွားရန်။
(၃) ရခိုင်အမျိုးသားများ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ နှင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြား တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ရန် နှင့် အဆိုပါ အကျိုးစီးပွားများ ရေရှည်တည်တံ့ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်။
(၄) ဒီမိုကရေစီစနစ် ပီပြင်ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်သွားရန်။
(၅) ရခိုင်အမျိုးသားများ သွေးစည်းညီညွတ်ရေး နှင့် သန့်ရှင်းအားကောင်းသော ရခိုင့်နိုင်ငံရေးစနစ် ပေါ်ထွန်းလာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်။
(၆) ရခိုင်လူမျိုး နှင့် ရခိုင်ပြည်နယ်၏ တည်ရှိမှုကိုသာမက ပြည်ထောင်စု အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသည့် ရခိုင်ပြည်နယ်သို့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချမှုများနှင့် ရခိုင်နယ်မြေကို လုယူကာ နယ်သစ်ချဲ့ထွင်ရန် အားထုတ်နေမှုတို့အား အစဉ်တစိုက်ကာကွယ်တွန်းလှန်သွားရန်။
(၇) ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန်။
– ဆိုရေ ရည်ရွယ်ချက် (၇) ရပ် ဖြိုက်ကတ်ပါရေ။
အဆိုပါ ရည်ရွယ်ချက် ခုနစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းစိုင် (၂၁) ရပ်ကို ချမှတ်ထားပြီးသကာလ အကောင်အထည်ဖော်နိုင်ရေးကို ရှေးရှုပြီးကေ ဆောင်ရွက်နိန်ကတ်လို့ ရှိပါရေ။ ကျွန်တော်ရို့ ရခိုင့်ဦးဆောင်ပါတီ၏ လုပ်ငန်းစိုင် (၂၁)ရပ်ကို ဖော်ပြပီးချင်ပါရေ။
(၁) ရခိုင်တို့၏ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ရရှိရေးတို့အတွက် အခြားတိုင်းရင်းသားများနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်သွားရန်။
(၂) လူမျိုးကို အခြေခံသည့် ပြည်နယ်များဖြင့် ဖွဲ့စည်းထားသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်။
(၃) ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တိုးတက်ကောင်မွန်ရေး၊ တရာဥပဒေစိုးမိုးရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်။
(၄) ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆာင်ရွက်သွားရန်။
(၅) ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုမူနှင့် မကိုက်ညီသည့် အချက်အလက်များကို ပြင်ဆင်ရေးအား ကြိုးပမ်းဆောင်ရွက်သွားရန်။
(၆) ရခိုင်ပြည်နယ်တွင်း တိုင်းရင်းသားလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေးအား ကြိုးပမ်းဆောင်ရွက်ရန်။
(၇) ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား အလုပ်သမားတို့၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေးအား ကြိုးပမ်းဆောင်ရွက်ရန်။
(၈) ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ကြသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ၏ အကျိုးစီးပွားများကို ရခိုင်တိုင်းရင်းသားများ အနေဖြင့် အမြင့်မားဆုံးအကျိုးခံစားခွင့် ရရှိနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်။
(၉) ရခိုင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ နှင့် အခြားအမွေအနှစ်များအား ရှာဖွေထိန်းသိမ်း ဖော်ထုတ်မြှင့်တင် သွားရန်၊ ရခိုင်အမျိုးသားတို့၏ အဓိက သမိုင်းအမွေအနှစ် ယဉ်ကျေးမှုနယ်မြေတို့အား ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဆောင်ရွက်ရန်။
(၁၀) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီပွားရေး အခွင့်အလမ်းများ တိုးတက် မြင့်မား ကောင်းမွန်ရေးအတွက် ဆောင်ရွက်သွားရန်။
(၁၁) ရခိုင့် ရေထု၊ မြေထုတို့အပြင် အခြားသော သဘာဝ သယံဇာတများအား ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု နှင့် အကျိုးခံစားခွင့်တို့ ရခိုင့်ဌာနေတိုင်းရင်သားများ၏ လက်ဝယ်သို့ ရောက်ရှိစေပြီး စီမံ၊ ခံစားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်။
(၁၂) နိုင်ငံတကာဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့်တကွ ရခိုင်ပြည်နယ်၏ အကျိုးစီပွားကို ကာကွယ်စောင့်ရှောက်နိုင်သော နိုင်ငံခြားရေးမူဝါဒများ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တွန်းအားပေး ဆောင်ရွက်ရန်။
(၁၃) ခိုးဝင်လူအုပ်စုများ၏ နယ်သစ်ချဲ့ထွင်ရေးလုပ်ဆောင်မှုများ အထူးသဖြင့် မောင်တောဒေသအား သိမ်းပိုက်ရယူနိုင်ရန်ကြိုးစားမှု – ယင်းနှင့် တဆက်တစပ်တည်း နိုင်ငံရေး၊ လူမှုရေး၊ စီပွားရေးအရ ၀ါးမြိုနိုင်ရန် အားထုတ်မှု တို့အား ရခိုင်ပြည်နယ်တွင်း၊ မြန်မာနိုင်ငံတွင်း နှင့် နိုင်ငံတကာမျက်နှာစာတို့တွင် တတ်နိုင်သမျှသော နည်းလမ်းပေါင်းစုံတို့ဖြင့် အားထုတ်တွန်းလှန်သွားရန်။ (အနောက်ဘက်တံခါး ဘင်္ဂါလီလူအုပ် ပြဿနာ ဆီလျော်စွာ အဖြေထုတ် ထိန်းချုပ်ရန်။)
(၁၄) ရခိုင်လူမျိုးများအပါအ၀င် မြန်မာနိုင်ငံ တိုင်းရင်းသားများအားလုံး ပြည်ပနိုင်ငံများ၌ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရေးနှင့် မိမိနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရောက်ရှိနိုင်ရေးတို့ကို ဆောင်ရွက်သွားရန်။
(၁၅) နေရပ်စွန့်ခွာ ရခိုင်သူရခိုင်သားများ ပြန်လည်အခြေစိုက်နိုင်ရန် အလို့ငှာ ၎င်းတို့အတွက် ရခိုင်ပြည်နယ်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရေး ကြိုးပမ်းဆောင်ရွက်ရန်။
(၁၆) ကမ္ဘာကြီးပူနွေးလာမှုလျှော့ချနိုင်ရေး အားထုတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်း နှင့် လက်တွဲကာ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မှုများတွင် ကူညီပံ့ပိုးသွားရန်။
(၁၇) ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ရသည့် သဘာဝဘေးအန္တရာယ်များကြောင့် နောက်ဆက်တွဲ လုပ်ဆောင်ရသည့် ဘေးဒုက္ခကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါတီအနေဖြင့် ဖြစ်နိုင်သမျှသော စွမ်းပကားများဖြင့် ပါဝင်ဆောင်ရွက်ရန်။
(၁၈) ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် စက်မှုဇုံများပေါ်ထွန်းရေးအပြင် ဒေသတွင်းကုန်သွယ်ရေး နယ်စပ်ကုန်သွယ်ရေးတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအား ကြိုးပမ်းဆောင်ရွက်သွားရန်။
(၁၉) ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းတာဝန်ယူရမည့် အခြေအနေပေါ်ပေါက်လာပါက တာဝန်ယူနိုင်သည့် စွမ်းပကားရှိနေစေအောင် မူဝါဒရေးရာပိုင်း နှင့် ပါတီ၏ လူ့စွမ်းအား အရည်အသွေးပိုင်းကို စဉ်ဆက်မပြတ် တည်ဆောက် အဆင်သင့်ပြင်ဆင်ထားရန်။
(၂၀) ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားလူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုး တိုးတက်ရေးအား ကြိုးပမ်းဆောင်ရွက်သွားရန်။
(၂၁) မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်သွားရန်။
– ယင်းပိုင်ဆိုရေ လုပ်ငန်းစဉ် (၂၁) ရပ်ရို့ဖြိုက်ကတ်ပါရေ။
အနှစ်ချုပ်အချက်ကို ရည်ညွှန်းဖော်ပြရဖို့ဆိုကေ – “ရခိုင် နှင့် ရခိုင်မျိုးနွယ်စုဝင် ဌာနေတိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်သည် မည်သူမှ ငြင်းပယ်ခွင့် မရှိသည့် မွေးရာပါ ရပိုင်ခွင့်ဖြစ်ပါသည်” ဆိုပြီးကေလေသော့ ကျွန်တော်ရို့ ရခိုင့်ဦးဆောင်ပါတီ၏ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းဖော်ညွှန်းထားကြောင်း ပြောကြားလိုပါရေ။
ရခိုင့်ဦးဆောင်ပါတီ အနေနန့် ရေရှည်လျှောက်လှမ်းရဖို့ လမ်းခရီးမှာ – ဇာဇာပန်းတိုင်တိဘားကို ရောက်အောင် လျှောက်လှမ်းရဖို့ ဆိုစွာကို သတ်မှတ်ပြီးသားရှိရေပိုင် လက်ရှိပစ္စက္ခမှာ အကောင်အထည်ဖော်နိုင်ရဖို့ ရေတိုရည်မှန်းချက်တိလည်း ရှိနိန်ပါရေ။
ရခိုင်လူထုစွာ အဂုအချိန်အခါမှာ အလွန်မုန်တိုင်းထန်ရေ ကာလတရပ်ကို ဖြတ်သန်းနိနရပါရေ။ သိန်းချီရေ ရခိုင်တိုင်းရင်းဒေသခံတိစွာ နေရပ်စွန့်ခွာ ဒုက္ခသည်တိဖြိုက်နိန်ကတ်ရပါရေ။ အပြစ်မရှိရေ အရပ်သားတိကို ဥပဒေမဲ့ ဖမ်ဆီးခြင်း ဥပဒေမဲ့ သတ်ဖြတ်ခြင်းရို့တိ ဒေနှစ်ပိုင်းအတွင်း ရာချီဖြစ်ပျက်လားခပါဗျာလ်။ ကျေးရွာ ဒါဇင်ပေါင်းများစွာကို စွန့်ခွာလားဇီအောင် ဖိအားပီးခံရခြင်းတိ ရွာအလိုက်မီးရှို့ခံရခြင်းတိ ဖြစ်ပျက်ခပါရေ။ ကျေးရွာနိန် အပြစ်မဲ့ အရပ်သားတိပိုင်ဆိုင်ရေ ဥစ္စာပစ္စည်းတိ လုယူဖျက်ဆီးခံရခြင်းတိ များစွာ ဖြစ်ပျက်လားခပါဗျာလ်။ ဒေပိုင်မုန်တိုင်းထန်ရေကာလမှာ ရခိုင်ပြည်သူလူထုကို မိမိရို့တတ်နိုင်သမျှသော စွမ်ပကားတိအားဖြင့် အကာအကွယ်ပီးနိုင်ဖို့ရာကို ကျွန်တော်ရို့၏ ပထမဦးစားပီးတာဝန် အဖြစ် သတ်မှတ်ထားကတ်ပါရေ။ မိမိရို့ သစ္စာခံသော ရခိုင်လူထုနန့်တတူ မုန်တိုင်းကိုပင် ဖြတ်သန်းကတ်ရဖို့ ဖြိုက်ပါရေ။
ပြည်သူလူထုအား မတရားဖိနှိပ်စွာတိကို ရဲရဲရင့်ရင့် ရင်ဆိုင်ရပ်တည်ပြောဆိုသော အသံပိုင်ရှင်အဖြိုက် ရခိုင့်ဦးဆောင်ပါတီအနိန်နန့် ရပ်တည်ရဖို့ ဆိုစွာရေ ကျွန်တော်ရို့ပါတီ၏ ဆုံးဖြတ်ချက် ဖြစ်ပါရေ။ အေချင့်တောင်မကသိမ့်၊ တချိန်တည်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ဆိုင်ရာ ရခိုင်လူမျိုးရို့၏ ရပိုင်ခွင့်နန့် ပတ်သက်လို့ အောင်ပွဲဆင်နိုင်ရေအထိ ကြိုးပမ်းလျှောက်လှမ်းလားဖို့ ဖြိုက်ပါရေ။ တိုက်ပွဲတိကြောင့် ပုန်းရှောင်ထွက်ပြီးလားခရရေ ရခိုင်သူရခိုင်သားတိ မိမိရို့ရပ်ရွာတိမှာ အီးအီးချမ်းချမ်း ပြန်လည် အခြီစိုက် နီထိုင်နိုင်ရေ ကာလအထိ ကျွန်တော်ရို့ ရခိုင့်ဦးဆောင်ပါတီက ဦးတည်တိုက်ပွဲဝင် ဆောင်ရွက်လားဖို့ ဖြိုက်ပါရေ။ ဒေပိုင် ရပ်တည်ချက်တိကို၊ လုပ်ဆောင်နိန်ရေ ရေတိုရေရှည် ရည်မှန်းချက်တိကို အနှစ်ချုပ်ဖော်ပြနိုင်ဖို့အတွက် ကာရံစာစု ဆောင်ပုဒ်တခုကို ရခိုင့်ဦးဆောင်ပါတီ၏ ကြွေးကြာ်သံအဖြိုက် သတ်မှတ်ထားပါရေ။
“ရဲရင့်အသံရှင်၊
မုန်တိုင်းပင် ဖြတ်သန်း၊
အောင်ပွဲလှမ်းချီ၊
ရခိုင့်ဦးဆောင်ပါတီ” ဆိုရေ ဆောင်ပုဒ်စွာ ရခိုင့်ဦးဆောင်ပါတီ၏ လမ်းညွှန်ချက် ကြွေးကြော်သံ ဖြိုက်ပါရေ။
အားလုံးကို ကျေးဇူးတင်ပါရေ။
#policybriefing2020_AFP
==============================================
မူရင်း အရည်အသွေး ဗီဒီယိုကလစ်အား download ချရန် အောက်ပါ လင့် ကို နှိပ်ပါ။
https://yadi.sk/i/MYVYvAQoakUMZg
==========
