လက်ရှိအရေးပေါ်ကာလ အပြောင်းအလဲများနှင့်ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ၏ ထုတ်ပြန်ကြေငြာချက်

[ Zawgyi font first / Unicode below / English text at the bottom ]

လက္ရိွအေရးေပၚကာလ အေျပာင္းအလဲမ်ားႏွင့္ပတ္သက္၍ ရခိုင့္ဦးေဆာင္ပါတီ၏ ထုတ္ျပန္ေၾကျငာခ်က္

၁။                 ျမန္မာ့လြတ္လပ္ေရးတိုက္ပဲြ ေခတ္ဦးကာလကပင္ ျပည္မႏိုင္ငံေရးထဲတြင္ ဆရာေတာ္ဦးဥတၱမ ကဲ့သို႔ေသာ ရခိုင္အမ်ိဳးသား ႏိုင္ငံေရးသမားမ်ား ဦးေဆာင္ဦးရြက္ပါ၀င္လာခဲ့ေသာ္လည္း ရခိုင္တို႔၏ နင္းျပားဘ၀ အေျခအေနမွာ မည္သည့္ဗဟိုအစိုးရပင္တက္တက္ ေျပာင္းလဲသြားခဲ့ျခင္းမရိွပါ။ ျပည္မ ဗဟိုအစိုးရအာဏာအတြက္ အားၿပိဳင္ၾကသည့္ မည္သည့္ဘက္ျခမ္းပင္ျဖစ္ေစ ရခိုင္အပါအ၀င္ တိုင္းရင္းသား တို႔၏ ရပိုင္ခြင့္တို႔အား ခ်ဳပ္ခ်ယ္ခဲ့ၾကရာတြင္ အတူတူပင္ျဖစ္ေၾကာင္းကို လက္ေတြ႕သမိုင္းျဖစ္ရပ္မ်ားက သက္ေသျပၿပီးျဖစ္ပါသည္။

၂။                          ရခိုင့္ကိုယ္ပိုင္ျပ႒ာန္းခြင့္ရရိွေရးအား အစဥ္တစိုက္ဆန္႔က်င္လုပ္ေဆာင္ခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီ အဖဲြ႕ခ်ဳပ္ (NLD)က ႏိုင္ငံေရးပါတီ (၄၈) ပါတီသို႔ေပးပို႔သည့္ စာကို မိမိတို႔ ရခိုင့္ဦးေဆာင္ပါတီလည္း လက္ခံရရိွခဲ့ပါသည္။ သို႔ရာတြင္ ရခုိင္လူထုအားသစၥာခံေသာ မိမိတို႔ ရခိုင့္ဦးေဆာင္ပါတီသည္ ရခိုင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ရရိွေရးကို ဦးတည္တိုက္ပဲြ၀င္ေနေသာ ႏိုင္ငံေရးပါတီျဖစ္သည့္အေလ်ာက္ အဆိုပါ ေပးစာအား အေၾကာင္းျပန္ၾကားခဲ့ျခင္းမရိွပါ။ NLDဦးေဆာင္သည့္အစိုးရအဖဲြ႕တြင္ ပါ၀င္ခြင့္ရရိွေရး ရာထူး ရရိွေရးကိုေသာ္လည္းေကာင္း NLDပါတီႏွင့္ ေဆြးေႏြးခြင့္ရရိွေရးကိုေသာ္လည္းေကာင္း ႀကိဳးပမ္းခဲ့ျခင္း လံုး၀မရိွခဲ့ပါ။

၃။                          ထိုနည္းတူစြာ ယခုလက္ရိွ “ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ”၏ အစိုးရအဖဲြ႕တြင္ပါ၀င္ေပးရန္ ကမ္းလွမ္းခ်က္ကိုလည္း ရခုိင့္ဦးေဆာင္ပါတီေခါင္းေဆာင္မ်ား၏ ၀ိုင္း၀န္းသံုးသပ္ခ်က္အရ လက္မခံခဲ့ပါ။

၄။                          ရခိုင့္ကိုယ္ပိုင္ျပ႒ာန္းခြင့္သည္ ရခိုင့္ဦးေဆာင္ပါတီ၏ အႏိၱမရည္မွန္းခ်က္ပန္းတိုင္ျဖစ္ပါသည္။ နံပါတ္တစ္ ဦးစားေပးလည္း ျဖစ္ပါသည္။ အျခားတစ္ဖက္တြင္လည္း ဒီမိုကေရစီစနစ္ျဖင့္ လူ႔အဖဲြ႕အစည္း မ်ားအား ေခ်ာေမြ႕စြာ လည္ပတ္ေနေစမွသာလွ်င္ ၿငိမ္းခ်မ္းေသာ လူ႔ေဘာင္ကို တည္ေဆာက္ႏိုင္မည္ဟု မိမိတို႔ ယံုၾကည္ပါသည္။ ဒီမိုကေရစီစံတန္ဖိုးမ်ားအား အတတ္ႏိုင္ဆံုး ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ရန္ ႀကိဳးစားၾကရမည္ ဟု ခံယူပါသည္။

၅။                          NLD အစိုးရအာဏာရိွစဥ္ကာလတြင္ ေဒါက္တာေအးေမာင္အေပၚ မတရားခ်မွတ္ခဲ့ေသာ ျပစ္ဒဏ္ မ်ားအား လက္ရိွ “ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ”အစိုးရအေနျဖင့္ လြတ္ၿငိမ္းခြင့္ျပဳကာ လႊတ္ေပးႏိုင္ေရး အတြက္ ရခိုင့္ဦးေဆာင္ပါတီကိုယ္စား မိမိတို႔ပါတီဒုတိယဥကၠဌက ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ထံသို႔ စာေရးသား ေပးပို႔ ေတာင္းဆိုထားပါသည္။ ေဒါက္တာေအးေမာင္အပါအ၀င္ ႏိုင္ငံေရးအက်ဥ္းသားမ်ား အားလံုးအား ျပန္လႊတ္ေပးေရးမွာ ရခုိင့္ဦးေဆာင္ပါတီ၏ အစဥ္တစိုက္ေတာင္းဆိုခ်က္ ျဖစ္ပါသည္။

၆။                                    ျပည္တြင္းၿငိမ္းခ်မ္းေရးအပါအ၀င္ ရခိုင့္အက်ိဳးစီးပြားေရးရာမ်ားႏွင့္ပတ္သက္၍ ေျပာဆိုစရာရိွသည္ မ်ားကို မည္သည့္အဖဲြ႕အစည္းႏွင့္မဆို ေျပာဆိုေဆြးေႏြးဆက္ဆံသြားမည္ျဖစ္ေသာ္လည္း လူတစ္ဦးခ်င္းအက်ိဳးခံစားခြင့္ရရိွေရး အဖဲြ႕အစည္းတစ္ခု အက်ိဳးခံစားခြင့္ရရိွေရးကို ဦးတည္ၿပီးအေပးအယူလုပ္ျခင္းတို႔အား ေရွာင္ၾကည္လ်က္ ရခိုင့္ဦးေဆာင္ပါတီ၏ အေျခခံမူတစ္ရပ္ျဖစ္ေသာ “သန္႔ရွင္းအားေကာင္းေသာ ရခိုင္ႏိုင္ငံေရးရပ္၀န္း” ျဖစ္ထြန္းလာေရးအတြက္ ဦးတည္လ်က္ ရခိုင္လူထုအက်ိဳးစီးပြားအား ဦးထိပ္ပန္ဆင္ကာ ရခိုင့္အမ်ိဳးသားေရး တာ၀န္ကို ဆက္လက္ထမ္းေဆာင္ သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကျငာအပ္ပါသည္။

                                                                                                                                                                                                                                      ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ

                                                                                                        ရခိုင့္ဦးေဆာင္ပါတီ

==========

[ Unicode here / Zawgyi font above ]

လက်ရှိအရေးပေါ်ကာလ အပြောင်းအလဲများနှင့်ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ၏ ထုတ်ပြန်ကြေငြာချက်

ရက်စွဲ – ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်

၁။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ ခေတ်ဦးကာလကပင် ပြည်မနိုင်ငံရေးထဲတွင် ဆရာတော်ဦးဥတ္တမ ကဲ့သို့သော ရခိုင်အမျိုးသား နိုင်ငံရေးသမားများ ဦးဆောင်ဦးရွက်ပါဝင်လာခဲ့သော်လည်း ရခိုင်တို့၏ နင်းပြားဘဝ အခြေအနေမှာ မည်သည့်ဗဟိုအစိုးရပင်တက်တက် ပြောင်းလဲသွားခဲ့ခြင်းမရှိပါ။ ပြည်မ ဗဟိုအစိုးရအာဏာအတွက် အားပြိုင်ကြသည့် မည်သည့်ဘက်ခြမ်းပင်ဖြစ်စေ ရခိုင်အပါအဝင် တိုင်းရင်းသား တို့၏ ရပိုင်ခွင့်တို့အား ချုပ်ချယ်ခဲ့ကြရာတွင် အတူတူပင်ဖြစ်ကြောင်းကို လက်တွေ့သမိုင်းဖြစ်ရပ်များက သက်သေပြပြီးဖြစ်ပါသည်။

၂။ ရခိုင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအား အစဉ်တစိုက်ဆန့်ကျင်လုပ်ဆောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က နိုင်ငံရေးပါတီ (၄၈) ပါတီသို့ပေးပို့သည့် စာကို မိမိတို့ ရခိုင့်ဦးဆောင်ပါတီလည်း လက်ခံရရှိခဲ့ပါသည်။ သို့ရာတွင် ရခိုင်လူထုအားသစ္စာခံသော မိမိတို့ ရခိုင့်ဦးဆောင်ပါတီသည် ရခိုင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို ဦးတည်တိုက်ပွဲဝင်နေသော နိုင်ငံရေးပါတီဖြစ်သည့်အလျောက် အဆိုပါ ပေးစာအား အကြောင်းပြန်ကြားခဲ့ခြင်းမရှိပါ။ NLDဦးဆောင်သည့်အစိုးရအဖွဲ့တွင် ပါဝင်ခွင့်ရရှိရေး ရာထူး ရရှိရေးကိုသော်လည်းကောင်း NLDပါတီနှင့် ဆွေးနွေးခွင့်ရရှိရေးကိုသော်လည်းကောင်း ကြိုးပမ်းခဲ့ခြင်း လုံးဝမရှိခဲ့ပါ။

၃။ ထိုနည်းတူစွာ ယခုလက်ရှိ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”၏ အစိုးရအဖွဲ့တွင်ပါဝင်ပေးရန် ကမ်းလှမ်းချက်ကိုလည်း ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင်များ၏ ၀ိုင်းဝန်းသုံးသပ်ချက်အရ လက်မခံခဲ့ပါ။

၄။ ရခိုင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ရခိုင့်ဦးဆောင်ပါတီ၏ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်ပါသည်။ နံပါတ်တစ် ဦးစားပေးလည်း ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ဒီမိုကရေစီစနစ်ဖြင့် လူ့အဖွဲ့အစည်း များအား ချောမွေ့စွာ လည်ပတ်နေစေမှသာလျှင် ငြိမ်းချမ်းသော လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဟု မိမိတို့ ယုံကြည်ပါသည်။ ဒီမိုကရေစီစံတန်ဖိုးများအား အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကြိုးစားကြရမည် ဟု ခံယူပါသည်။

၅။ NLD အစိုးရအာဏာရှိစဉ်ကာလတွင် ဒေါက်တာအေးမောင်အပေါ် မတရားချမှတ်ခဲ့သော ပြစ်ဒဏ် များအား လက်ရှိ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”အစိုးရအနေဖြင့် လွတ်ငြိမ်းခွင့်ပြုကာ လွှတ်ပေးနိုင်ရေး အတွက် ရခိုင့်ဦးဆောင်ပါတီကိုယ်စား မိမိတို့ပါတီဒုတိယဥက္ကဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ စာရေးသား ပေးပို့ တောင်းဆိုထားပါသည်။ ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား ပြန်လွှတ်ပေးရေးမှာ ရခိုင့်ဦးဆောင်ပါတီ၏ အစဉ်တစိုက်တောင်းဆိုချက် ဖြစ်ပါသည်။

၆။ ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် ရခိုင့်အကျိုးစီးပွားရေးရာများနှင့်ပတ်သက်၍ ပြောဆိုစရာရှိသည် များကို မည်သည့်အဖွဲ့အစည်းနှင့်မဆို ပြောဆိုဆွေးနွေးဆက်ဆံသွားမည်ဖြစ်သော်လည်း လူတစ်ဦးချင်းအကျိုးခံစားခွင့်ရရှိရေး အဖွဲ့အစည်းတစ်ခု အကျိုးခံစားခွင့်ရရှိရေးကို ဦးတည်ပြီးအပေးအယူလုပ်ခြင်းတို့အား ရှောင်ကြည်လျက် ရခိုင့်ဦးဆောင်ပါတီ၏ အခြေခံမူတစ်ရပ်ဖြစ်သော “သန့်ရှင်းအားကောင်းသော ရခိုင်နိုင်ငံရေးရပ်ဝန်း” ဖြစ်ထွန်းလာရေးအတွက် ဦးတည်လျက် ရခိုင်လူထုအကျိုးစီးပွားအား ဦးထိပ်ပန်ဆင်ကာ ရခိုင့်အမျိုးသားရေး တာဝန်ကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။


ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ရခိုင့်ဦးဆောင်ပါတီ

==========

AFP’s Statement regarding the Current Emergency Situations

Date – 2021 February 6

(1) Even though Arakanese politicians, such as Venerable U Ottama, participated in leading roles of Myanmar politics since early stages of Myanmar’s independence struggle, downtrodden life of Arakanese people never changed, whichever central government took power. History has clearly seen that, whichever side of a struggle for the central government power in Myanmar proper, they are always the same in their nature of oppressing the rights of non-Bamar-ethnic peoples, including the Arakanese.

(2) National League for Democracy (NLD), which has always opposed Arakanese self-determination, sent a letter to 48 political parties including the Arakan Front Party (AFP), and we received it well. But the Arakan Front Party, which has always been fighting for the Arakanese self-determination, did not reply that letter. And we the AFP did not seek to be a part of NLD-led Government and even did not make any attempts to have discussion with the NLD, which then was newly elected.

(3) Similarly, the AFP declined, a as a result of the AFP’s leadership’s deliberation, the offer of the incumbent “the State Administration Council” government to be a part of their government.

(4) The Arakanese self-determination is the ultimate goal of the Arakan Front Party, and is our number one priority. On the other hand, we believe that a peaceful society could be built only when the society is being operated by democratic means. We are all convinced that democratic values should be upheld as much as possible.

(5) Acting on behalf of the AFP, our vice chairperson has recently sent a letter to senior general Min Aung Hlaing urging him to release Dr Aye Maung, who was unjustly given a prison sentence during the NLD’s rule. To release all political prisoners including Dr Aye Maung is one of our unswerving demands.

(6) Regarding internal peace issues and Arakanese interests, we will have necessary dialogues with any stakeholders. Shunning cutting deals for the sole purpose of seeking interests of a person or a group of persons or a mere organization, looking forward to creating a “clean, strong and healthy Arakanese political environment”, and having the interests of the Arakanese people as our top priority, we the AFP will continually serve Arakanese national duties, we declare.

the Central Executive Committee

the Arakan Front Party

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s