ရခိုင့်ဦးဆောင်ပါတီ၏ သဘောထားထုတ်ပြန်ချက် ၁/၂၀၁၉

ရခိုင့်ဦးဆောင်ပါတီ၏ သဘောထားထုတ်ပြန်ချက် ၁/၂၀၁၉

၁။ ဒေါက်တာအေးမောင် သည် ရခိုင်ပြည်နယ် ကိုယ်စားပြု အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ယခင် ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုသမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ရန် လွှတ်တော်မှ ရွေးချယ်ပေးခဲ့ဖူးသူ ၊ UPDJC အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဌ (ဖမ်းဆီးခံခဲ့ရ အချိန်က) ဖြစ်ပါသည် ။

၂။ လူထုခေါင်းဆောင် နိုင်ငံရေးသမား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် အား စာပေဟောပြောပွဲတွင် ဟောပြောခဲ့ရုံမျှဖြင့် ကြီးလေးသောပြစ်ဒဏ် ချမှတ်ထားခြင်းသည် တရားမျှတမှု မရှိသော ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်ဟု ရှုမြင်ပါသည် ။

၃။ ဒေါက်တာအေးမောင် အား ဖမ်းဆီးထိမ်းသိမ်းထားခြင်းဖြင့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို အနှောင့်အယှက် ဖြစ်စေသည့်အပြင် ယုံကြည်မှုပျက်ပြား စေပြီး တိုင်းရင်းသား စည်လုံးညီညွတ်မှုကို
ထိခိုက်စေပါသည် ။ ယခုအခါ မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများ ပြင်းထန်နေချိန်တွင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ဒေါက်တာအေးမောင် အား ပါဝင်ဆောင်ရွက်ခွင့် ပေးခြင်းအားဖြင့် အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ ဖြစ်စေလိမ့်မည်ဟု ရခိုင့်ဦးဆောင်ပါတီက ယုံကြည်ပါသည်။

၄။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင် အား ဖမ်းဆီးထိမ်းသိမ်းထားခြင်းအားဖြင့် မိသားစုများ အပါအဝင် ရခိုင့်ပြည်သူများက ဒေါက်တာအေးမောင် ၏ ကျန်းမာရေး အခြေအနေအရ အသက်အန္တရာယ်ကို အထူးပင် စိုးရိမ်ပူပန်နေကြရပါသည်။

၅။ ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် အား အမြန်ဆုံးပြန်လွှတ်ပေးရန် အလေးအနက် တောင်းဆိုလိုက်သည် ။

ဗဟိုအလုပ်အမှုဆောင် ကော်မတီ
ရခိုင့်ဦးဆောင်ပါတီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s