
သေဒဏ်စီရင်မှုများအား မလိုလားကန့်ကွက်ကြောင်း ထုတ်ပြန်ချက်
ရက်စွဲ – ၂၀၂၂-ခုနှစ် ဇူလိုင်လ (၂၅) ရက်
၁။ ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော် တို့အား သေဒဏ်စီရင်သည် ဟု ကြားသိရသည့်အတွက် ရခိုင့်ဦးဆောင်ပါတီအနေဖြင့် မိသားစုများ၏ ပူဆွေးသောကရောက်မှုများနှင့် ထပ်တူခံစားရပါသည်။ မြန်မာပြည်သူပြည်သားများနှင့်အတူ စိတ်မကောင်းဖြစ်ရပါသည်။
၂။ သေဒဏ်စီရင်မှုများကို ရခိုင့်ဦးဆောင်ပါတီ က မလိုလားကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်။
၃။ ဆန့်ကျင်ဘက်အင်အားစုများ ဝေးသထက်ပိုမဝေးသွားစေဖို့ အထူးလိုအပ်နေသည့် ယခုကဲ့သို့သော ကာလမျိုးတွင် ဤသေဒဏ်စီရင်မှုများ၏ အကျိုးဆက်အနေဖြင့် တိုင်းပြည်အေးချမ်းသာယာနိုင်မည့် ပန်းတိုင်သို့ လျှောက်လှမ်းကြရာ၌ လမ်းကြောင်းမှ တိမ်းဖယ်သွားစေနိုင်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင့်ဦးဆောင်ပါတီ
