[ Zawgyi / Unicode ]
အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္ ကြယ္လြန္သည့္အတြက္ ၀မ္းနည္းေၾကာင္း သ၀ဏ္လႊာ
==========
ရက္စြဲ – ၂၀၂၀ ခုႏွစ္ ေမလ (၆) ရက္
ရခိုင့္ဦးေဆာင္ပါတီ ၏ ဗဟိုအႀကံေပးေကာင္စီ၀င္ ေျမာက္ဦးၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္ သည္ စစ္ေတြေဆးရံု၌ ကုသမႈခံယူေနစဥ္အတြင္း ဦးေႏွာက္ေသြးေၾကာျပတ္ျခင္းကို ခံစားရသည့္အတြက္ေၾကာင့္ ယေန႔နံနက္ ေျခာက္နာရီခန္႔တြင္ ကြယ္လြန္သြားခဲ့ပါသည္။
မ်ားမၾကာေသးခင္ ၂၀၂၀ မတ္လ (၂၈) ရက္ေန႔က စတင္က်င္းပခဲ့ေသာ ရခိုင့္ဦးေဆာင္ပါတီ၏ ပဏာမ ညႇိႏိႈင္းမႈ ညီလာခံတြင္ ဆရာဦးေက်ာ္ေက်ာ္သည္ သဘာပတိတစ္ဦးအျဖစ္ ဦးစီးေဆာင္ရြက္လ်က္ ပါတီအား တက္တက္ၾကြၾကြ ဦးေဆာင္မႈေပးခဲ့ပါေသးသည္။
ဆရာဦးေက်ာ္ေက်ာ္သည္ ရခိုင္ျပည္အက်ိဳးအတြက္ အစဥ္အၿမဲ ႀကိဳးကုတ္အားထုတ္ခဲ့သူ နာမည္ပ်က္မရွိေသာ ႏိုင္ငံေရးသမားတစ္ဦးျဖစ္ရံုမွ်သာမက ဆရာေကာင္း၊ ခင္ပြန္းေကာင္း၊ ဖခင္ေကာင္း၊ မိတ္ေဆြေကာင္းအျဖစ္ ၎ႏွင့္ ထိစပ္ရာ ဘ၀၏အစိတ္အပိုင္းမ်ားကို ေကာင္းက်ိဳးျပဳခဲ့သူျဖစ္ပါသည္။
ဆရာဦးေက်ာ္ေက်ာ္ ကြယ္လြန္မႈသည္ ၎၏မိသားစုအတြက္ ႀကီးစြာေသာ ဆံုးရံႈးမႈ ျဖစ္သည့္နည္းတူ ကၽြႏု္ပ္တို႔ ရခိုင့္ဦးေဆာင္ပါတီ၀င္ ရဲေဘာ္ရဲဘက္မ်ားကလည္း မ်ားစြာ ၀မ္းနည္း ႏွေျမာတသျဖစ္ရပါေၾကာင္း သတင္းစကားပါးအပ္ပါသည္။
ဆရာဦးေက်ာ္ေက်ာ္ ေကာင္းရာသုဂတိ ေရာက္ပါေစေၾကာင္္း ကၽြႏု္ပ္တို႔ ရခိုင့္ဦးေဆာင္ပါတီက ဆုမြန္ေကာင္း ေတာင္းအပ္ပါသည္။
ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ
ရခိုင့္ဦးေဆာင္ပါတီ
==========
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် ကွယ်လွန်သည့်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ
ရက်စွဲ – ၂၀၂၀ ခုနှစ် မေလ (၆) ရက်
ရခိုင့်ဦးဆောင်ပါတီ ၏ ဗဟိုအကြံပေးကောင်စီဝင် မြောက်ဦးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် သည် စစ်တွေဆေးရုံ၌ ကုသမှုခံယူနေစဉ်အတွင်း ဦးနှောက်သွေးကြောပြတ်ခြင်းကို ခံစားရသည့်အတွက်ကြောင့် ယနေ့နံနက် ခြောက်နာရီခန့်တွင် ကွယ်လွန်သွားခဲ့ပါသည်။
များမကြာသေးခင် ၂၀၂၀ မတ်လ (၂၈) ရက်နေ့က စတင်ကျင်းပခဲ့သော ရခိုင့်ဦးဆောင်ပါတီ၏ ပဏာမ ညှိနှိုင်းမှု ညီလာခံတွင် ဆရာဦးကျော်ကျော်သည် သဘာပတိတစ်ဦးအဖြစ် ဦးစီးဆောင်ရွက်လျက် ပါတီအား တက်တက်ကြွကြွ ဦးဆောင်မှုပေးခဲ့ပါသေးသည်။
ဆရာဦးကျော်ကျော်သည် ရခိုင်ပြည်အကျိုးအတွက် အစဉ်အမြဲ ကြိုးကုတ်အားထုတ်ခဲ့သူ နာမည်ပျက်မရှိသော နိုင်ငံရေးသမားတစ်ဦးဖြစ်ရုံမျှသာမက ဆရာကောင်း၊ ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ မိတ်ဆွေကောင်းအဖြစ် ၎င်းနှင့် ထိစပ်ရာ ဘဝ၏အစိတ်အပိုင်းများကို ကောင်းကျိုးပြုခဲ့သူဖြစ်ပါသည်။
ဆရာဦးကျော်ကျော် ကွယ်လွန်မှုသည် ၎င်း၏မိသားစုအတွက် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်သည့်နည်းတူ ကျွနု်ပ်တို့ ရခိုင့်ဦးဆောင်ပါတီဝင် ရဲဘော်ရဲဘက်များကလည်း များစွာ ဝမ်းနည်း နှမြောတသဖြစ်ရပါကြောင်း သတင်းစကားပါးအပ်ပါသည်။
ဆရာဦးကျော်ကျော် ကောင်းရာသုဂတိ ရောက်ပါစေကြောင််း ကျွနု်ပ်တို့ ရခိုင့်ဦးဆောင်ပါတီက ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင့်ဦးဆောင်ပါတီ
==========

