
==========
[ Zawgyi / Unicode ]
==========
[ Unicode ]
ဗဟိုအကြံပေးကောင်စီ ဖွဲ့စည်းခြင်း
လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ပုဂ္ဂိုလ် (၁၁) ဦးအား ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ဗဟိုအကြံပေးကောင်စီဝင်များအဖြစ် ပါတီခေါင်းဆောင်များ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပါသည်။
ရခိုင့်ဦးဆောင်ပါတီ၏ ဖွဲ့စည်းပုံအရ ပါတီဝင် နှင့် ပါတီဝင် မဟုတ်သူ မြန်မာနိုင်ငံသားများအား ပါတီ၏ ဗဟိုအကြံပေးကောင်စီဝင်များအဖြစ် ခန့်အပ်နိုင်ပြီး ထိုပုဂ္ဂိုလ်များထံမှ လမ်းညွှန်မှုကို ခံယူခြင်း ထိုပုဂ္ဂိုလ်များအား ထိုက်သင့်သည့် ပါတီတာဝန်များတွင် ပါဝင်ဆောင်ရွက်စေခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။
လာမည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင်လည်း ဗဟိုအကြံပေးကောင်စီဝင်များ ထပ်တိုးတာဝန်ပေး ဖွဲ့စည်းရန် ရှိပါသည်။
